ဝိပဿနာဘာဝနာ ဆိုသည်မှာ အတွင်းမနော၏ နက်နဲရာသို့ရောက်အောင် သွားလျက် မိမိကိုယ်ကိုလေ့လာခြင်းဖြင့် စိတ်နှလုံးစင်ကြယ်အောင် ပြုလုပ်သည့် နည်းဖြစ်သည်၊ သဘာဝအလျှောက် ဖြစ်နေသော အသက်ရှူမှုကို အစပြုှု ကိုယ်နှင့်စိတ်အလျင်၌ တစ်ခဏတာ ဖြစ်ပေါ်ပြောင်းလဲနေသည့် ဖြစ်မှုပျက်မှုများကို ဥပေက္ခာာသဘော။ ကြားနေသဘောဖြင့် ရှုမြင်သုံးသပ်လျှက် စိတ်နှလုံးကို စင်ကြယ်စေသည်၊ လူတစ်ဦး၏ မွန်မြတ်သည့် အရည်အချင်းကို ပွားများစေသည့်ဤ အလေ့အကျင့်သည် ယောဂီများအား မည်သည့်ဂိုဏ်းဂဏ။ ဘာသာတရား တို့ဖြင့်မျှ ချည်နှောင်ထားခြင်းမရှိပေ၊ ထိုကြောင့် ဝိပဿနာကျင့်စဉ်သည် အားလုံး အတွက်ဖြစ်သည်၊ အားလုံးက လက်ခံနိုင်သည့် တရားဖြစ်သည်၊ ကွဲပြား ခြားနားခြင်း မဖြစ်စေဘဲ အားလုံးအတွက် ညီတူညီမျှ ကောင်းကျိုးပြုသော တရားဖြစ်သည်၊ ဝိပဿနာတရားပွားများခြင်း၏ ရည်ရွယ်ချက်မှာ တစ်ဦးပေါ်တစ်ဦး ဖြစ်ပွားတတ်ကြသော မလိုမုန်းထား ဒေါသတရားတို့မှ လွတ်ကင်းစေပြီး ကျဉ်း မြောင်းသော ဂိုဏ်းဂဏအစွဲ။ အမျိုးဇာတ်အစွဲ မာန်မာနအနှောင်အဖွဲ့များမှ ကျွတ်လွတ်စေ၍ အပြစ်ကင်းသော လူတစ်ယောက် ဖြစ်လာစေလျှက် မိမိ ကောင်းကျိုး သူတစ်ပါးကောင်းကျိုး အသိတရားတို့ဖြင့် ပြည့်ဝနေသည့် ဘ၀ မျိုးဖြစ်အောင် ပြ...
This is not official website of www.dhamma.org and www.vridhamma.org. This is only personal blog of old student. The Light of Dhamma Facebook နှင့် ဤ websiteသည် ယောဂီဟောင်းတစ်ဦး၏ Personal Blogသာဖြစ်ပါသည်။ဆရာကြီးဦးဂိုအင်ကာ၏ တရားဟောပြောချက်များကို ဆရာကြီး၏ ထုတ်ဝေးပြီးသော တရားဝင် စာအုပ်များမှ တရားစာပေများ ထုတ်နှုတ်၍ တိုက်ရိုက်ရေးသားထားပြီး ဓမ္မဒါန ကုသိုလ်ပြုခြင်းသာဖြစ်သည်။