Skip to main content

အမေး-အဖြေများ

 မေး ။       ။ ဝေဒနာပြင်းပြင်းထန်ထန် မခံစားရဘဲ ကမ္မဌာန်းထိုင်ရတာ အကျိုးထူးရပါ့မလား။


ဆရာကြီး ဦးဂိုအင်ကာ။      ။ ဝေဒနာခံရတယ်ဖြစ်ဖြစ်၊ မခံရဘူးဖြစ်ဖြစ် စိတ်ကို တည်ငြိမ်အောင် ထားရင် ကမ္မဌာန်းအလုပ်က တိုးတက်မှုရှိနေတာပါပဲ။ ဝေဒနာပြင်းပြင်းထန် ခံစားရမှ ကမ္မဌာန်းအလုပ်က တက်တယ်လို့ မှတ်မထားပါနဲ့။ နာကျင်မှု မဖြစ်တဲ့အခါ မဖြစ်ဘူးလို့ မှတ်လိုက်ပါ။
ရှိတဲ့အတိုင်းကို မှတ်နေဖို့က ပဓါနပါ။

ဦးတင်ဦး (မြောင်) မြန်မာဘာသာပြန်၊
"အနေတတ်ပါစေ" စာအုပ်၊ စာမျက်နှာ (၁၇၉)