(၁၉၂၄- ၂၀၁၃)
မစ္စတာ ဆတျာရနာယန်ဂိုအင်ကာသည် ဝိပဿနာသင်ပြသော လူဝတ်ကြောင်ဆရာများအနက် အထင်ရှားဆုံးဖြစ်သည်။ သူသည် မြန်မာနိုင်ငံမှ ကွယ်လွန်သူ
ဆရာကြီး ဦးဘခင်၏ တပည့်တစ်ဦး ဖြစ်ပါသည်။
ဦးဂိုအင်ကာ သင်ပြသော ကမ္မဌာန်းနည်းမှာ ဗုဒ္ဓဘုရားရှင်
ညွှန်ပြတော်မူသော ဟောရိုးဟောစဉ်နှင့် အခြေခံအားဖြင့်
ခြားနားခြင်း မရှိပေ။
ဗုဒ္ဓဘုရားရှင်သည် သာသာရေးဂိုဏ်ဆရာကြီးတစ်ဦး
အနေဖြင့် နောက်လိုက်များကို စုဝေးပြီး ဟောပြောညွှန်
ပြခဲ့သည် မဟုတ်ချေ။ သူသူငါငါ လူတကာတို့၏
ဆင်းရဲတွင်းမှ လွတ်မြောက်ရေးဖြစ်သော ဓမ္မတည်းဟူ
သော တရားတော်ကိုသာ သင်ကြားညွှန်ပြခဲ့ခြင်း
ဖြစ်ပါသည်။
ထိုနည်းတူပင် ဆရာကြီး ဦးဂိုအင်ကာ၏ သင်ပြပုံမှာလည်း
ဂိုဏ်းဂဏစွဲ ကင်းရှင်းပါသည်။ ထိုအကြောင်းကြောင့်ပင်
လျှင် ကမ္ဘာပေါ်ရှိ ဒေသမျိုးစုံမှ ကွဲပြားခြားနားသော
လူအမျိုးမျိုးတို့အဖို့ သူ၏ သင်ပြပုံသည် အလေး
ဂရုပြုခြင်း ခံရလောက်အောင် ဩဇာသက်ရောက်မှု
ရှိခြင်းဖြစ်၏။ သူ့ ကမ္မဌာန်းနည်းကို ကိုးကွယ်မှု
ဘာသာမျိုးစုံမှ ဖြစ်စေ၊ ဘယ်ဘာသာကိုမျှ မကိုး
ကွယ်သူများဖြစ်စေ လေးစားစွာ ခံယူကြလေသည်။
Meditation Now; Inner peace through Inner
Wisdom by S.N Goenka . ဘာသာပြန်ဆိုသူ
ဦးတင်ဦး (မြောင်)
စာမျက်နှာ (၁) ။
