Skip to main content

အမိမြေသို့ ကျေးဇူးဆပ်ခြင်း

 ဆရာကြီး ဦးဂိုအင်ကာသည် မိမိရရှိထားသော

ဝိပဿနာဓမ္မအမွေများကို မိမိ၏ဇာတိချက်မြုပ်

အမိမြန်မာနိုင်ငံတွင် ပြန်လည်၍ ကျေးဇူးဆပ်လို

သည့်ဆန္ဒ ပြင်းပြနေခဲ့သည်။ ဆရာကြီး ဦးဂိုအင်ကာ

၏ လိုအင်ဆန္ဒအတိုင်း ၁၉၉၀ - ပြည့်နှစ်

နိုဝင်ဘာလ လဆန်းတွင် တစ်ကြိမ်၊ ၁၉၉၁-

ခုနှစ်၊ စက်တင်ဘာလဆန်းတွင်တစ်ကြိမ်

ဝိပဿနာတရားများ ဟောကြားခြင်း၊

ကမ္မဋ္ဌာန်းတရားများ ပြသခြင်း၊ စုစုပေါင်း

နှစ်ကြိမ်တိုင်တိုင် မြန်မာနိုင်ငံသို့ လာရောက်၍

ကျေးဇူးဆပ်နိုင်ခဲ့ပါ၏။


ဆရာကြီး ဦးဂိုအင်ကာသည် ယခုအခါတွင်

ဗုဒ္ဓမြတ်စွာပွင့်ထွန်းရာ မဇျ္စိမဒေသ အိန္ဒိယ

နိုင်ငံကြီးကို ဗဟိုပြု၍ ဝိပဿနာစည်တော်ကြီးကို

ရိုက်ခတ်တီးခတ်နိုင်ခဲ့လေပြီ။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်

ပြုပြီးသည့်နောက် အတ္တတရားများ ထွန်းကား

လာသော မဇျ္စိမဒေသတွင် အနတ္တတရား

ထွန်းကားပြန့်ပွားအောင် စွမ်းနိုင်သူသည်သား

သာသနာပြု ပုဂ္ဂိုလ်ကြီး ဦးဂိုအင်ကာပင်တည်း။


လယ်တီဆရာတော်၊ အနာဂါမ် ဆရာသက်ကြီး

နှင့် ဆရာကြီး ဦးဘခင်၏ တပည့် 

သာသနာပြုပုဂ္ဂိုလ် #မဟာသဒ္ဓမ္မဇောတိကဓဇ

ဆရာကြီး ဦးဂိုအင်ကာ၏ သာသာနာပြုဆောင်ရွက်

ချက်သည်းကာ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ

သားများအတွက် အမြဲတစေ ဂုဏ်ယူစရာပင်

ဖြစ်ပါတော့သည်။ ။


မှတ်ချက်။   ။ ၁၉၉၂ - ခုနှစ်၊ အတွဲ(၁)၊

အမှတ်(၁) ၊ မတ်လထုတ်၊ ဓမ္မဂီရိ

ဓမ္မမဂ္ဂဇင်းမှ....


မောင်ရင့်ကျူး (မြောင်းမြ) ၏

"ဆရာကြီး ဦးဂိုအင်ကာ နှင့်

မဟာ ပါရမီဖြည့်ဖက်" စာအုပ်၊

စာမျက်နှာ (၁၆၊ ၁၇) ။